သာယာဝတီမြို့၌ ဒေသထွက် နာနတ်များ စျေးကောင်းရ၍မိသားစုအပိုဝင်ငွေရရှိ

သာယာဝတီ ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ဒေသထွက်နာနတ်သီးများ စျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မြို့သစ်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဒေါ်စိုးစိုးအေးထံမှ သိရသည်။

သာယာဝတီမြို့တွင်နာနတ်သီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြခြင်းမရှိသော်လည်း မိမိ၏နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဒေသထွက်နာနတ်သီးများသည် အရသာထူးကဲကာ အလွန်ချိုကြောင်း ကြိုက်နှစ်သက်သူ များပြားကြကြောင်း၊ နာနတ်သီး တစ်လုံးလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

အဆိုပါနာနတ်သီးပင်များသည် စိုက်ပျိုးပြီး ၁၅ လ ခန့်အကြာတွင် စတင်အသီးသီးကြောင်း နှစ်စဥ်ဇူလိုင်လဆန်းတွင် ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)