အိမ်မဲ ဇူလိုင် ၁၂
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီပညာရေး ကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံ ထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့မွန်းလွဲ (၁)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လက်ပံကုန်းကျေးရွာ အ.လ.က (ခွဲ)လက်ပံကုန်း ကျောင်း၌ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန အိမ်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲနှင့် နည်းစနစ်မှူးဒေါဖြိုးဝေလွင်တို့က လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုးအကြောင်းတို့ကို အကျယ်တဝင့် အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်း အမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင် ၊ လူကုန်ကူးမှု အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)