ပဲခူးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး ဇူလိုင် ၁၂

ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် စားသုံးသူကာကွယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့အမှတ်()အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့နိုင်မော်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဆန်းဝင်းက စားသုံးသူ ကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါ ဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ Grade -10 မှ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)