အင်္ဂပူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြ စိုက်ပျိုးပွဲပြုလုပ်

အင်္ဂပူ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြိုနယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ကွင်းအမှတ် (၇၅၉)၊ ဦးပိုင်အမှတ် ၁၂၅/(၀)၊ ၁၂၅/(၁)၊ ၁၂၅/(၂) တောင်သူ ဦးရာဇာအောင်၏ လယ်ယာမြေတွင်ယမန်နေ့က ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိများက လယ်ယာမြေအတွင်း ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြ စိုက်ပျိုးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းနိုင်က တက်ရောက်လာသူများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းမှ ရရှိသော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

မန်းကျော်(ပြန်/ဆက်)