ပင်လည်ဘူး အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပုံး (၁-၁) (၁-၃) တို့အား လုံခြုံရေးကြိုးများဖြင့် ပိတ်သိမ်းထားရှိခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးခြင်းအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးဝင်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ အခက်အခဲများ၊ လိုအပ်ချက် များအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံလင်းက မဲရုံလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ မြို့နယ် ပညာရေးမှူး ဦးမျိုးခိုင်က မဲရုံများတွင် တာဝန်ကျ ဆရာ၊ ဆရာမများအား တာဝန်ခွဲဝေစီစဥ် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာကျော်နိုင်က မဲရုံများတွင် ကျန်းမာရေးဝန်ထမ်းများ စီစဉ်ဆောင်ရွက်ထားရှိနိုင်ရေး အခြေအနေများကို လည်းကောင်း၊ မြို့နယ်ရွေး ကောက်ပွဲအရာရှိ ဒေါ်နွဲ့နွဲ့ထွေးက ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌဦးသက်နောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းမြင့်နှင့် ပါတီများ တာဝန်ရှိ သူများက မြို့နယ်မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပုံး(၁-၁)(၁-၃)တို့အား လုံခြုံရေးကြိုးများဖြင့် ပိတ်သိမ်းထား ရှိခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)