ကဝ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့နံနက် (၁၀) နာရီက ကဝမြို့နယ် ငါးထပ်ကြီး ဘုရားရင်ပြင်တော်တွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီး ဖြစ်သည့် သရက်ကုန်းကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ ကန်တော်ကျေးရွာများမှ တောင်သူ များအားထုတ်ချေးပေးခြင်းဖြစ်ပြီး လယ်မြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ယနေ့ထိတောင်သူ (၃၁၂၆)ဦး၏ လယ်မြေ (၂၂၂၂၆)ဧကအတွက် ထုတ်ချေးငွေစုစုပေါင်း (၃၃၃၃၉၀၀၀၀၀) သုံးထောင့်သုံးရာသုံးဆယ်သုံးသိန်းကိုးသောင်း ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေ အကြေအလည်ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)