စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ၊ကျေးရွာအုပ်စု(၃၂)အုပ်စုတို့ရှိတောင်သူ(၂၅၆၉)ဦးတို့အား၂၀၂၃ ခုနှစ်မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ(၁၅၄၂၇.၀၀.၀၀၀)ကျပ်ကိုထုတ်ချေးပြီးစီး

စလင်း  ဇူလိုင်  ၁၂

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ဖချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ ယနေ့နံနက် (၉) နာရီအချိန်က လက်မဲကျေးရွာအုပ်စုမှတောင်သူ((၂၄၁)ဦးတို့အား  မိုးစပါး စိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးဧက(၁၃၅၈)ဧကအတွက် စိုက်ပျိုး ရန် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  စလင်း မြို့နယ်အတွင်းရှိ   စိုက်ပျိုးစရိတ်ချေးငွေ   ထုတ်ယူကြသည့်  တောင်သူများအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်ယဥ်မာနွဲ့က ၂၀၂၃ ခုနှစ်မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေများကို ယခင်ထုတ်ချေးထားသည့်   စိုက်ပျိုးစရိတ်ချေးငွေ   ပြေကျေသည့်ကျေးရွာ အုပ်စုများမှ တောင်သူများကို စတင်ထုတ်ပေးလျက်ရှိကြောင်း ပေါက်ရင်းကုန်းကျေးရွာအုပ်စုမှ တောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံစိုက်ပျိုးစရိတ်အတွက်   အကျိုးရှိစွာသုံးစွဲရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရန်အတွက်   အလေးထား စိုက်ပျိုးကြရန်ဆွေးနွေးပြောကြားခဲ့ပြီး  စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများအချိန်မီဝယ်ယူ ဖြည့်တင်းနိုင်ရန်နှင့်   စိုက်ပျိုးရေးလုပ်ငန်း များ   လုပ်ကိုင်ဆောင်ရွက်နိုင်ရန်  စနစ်တကျထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်း လျာထားအုပ်စုများထဲမှ လက်မဲကျေးရွာအုပ်စုမှ တောင်သူ(၂၄၁)ဦး စိုက်ပျိုးဧက (၁၃၅၈)ဧကမိုးစပါးအတွက်စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်းကျပ်  (၂၀၃၇.၀၀.၀၀၀) သိန်းတို့အား ထုတ်ချေးပေးခဲ့ပြီး စပါးသီးနှံစိုက်ပျိုးတစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်း၊ အခြားသီးနှံစိုက်တစ်ဧကလျှင်  တစ်သိန်းနှုန်းဖြင့်   ထုတ်ချေးပေးခဲ့ကြောင်း နှင့်  စလင်းမြို့နယ်အတွင်း  ကျေးရွာအုပ်စု  (၃၂)အုပ်စုတို့မှ  တောင်သူ(၂၅၆၉)ဦး စပါးစိုက်ဧက (၇၂၄၄)ဧက၊ပဲတီစိမ်း(၂၆၇၆)ဧက၊ နှမ်း(၁၄၉၅)ဧက၊ အခြားသီးနှံအတွက် (၃၉၀)ဧက၊ စုစုပေါင်း စိုက်ဧက(၁၁၈၀၅)အတွက် ချေးငွေပေါင်း(၁၅၄၂၇.၀၀.၀၀၀)သောင်းကျပ်  ကိုထုတ်ချေးပြီးစီးခဲ့ပြီး  ထုတ်ချေးပေးရန်ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကိုလည်း  ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

(မောင်လွင်)စလင်း