သာယာဝတီမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသည့်လူနာ(၂၃)ဦးအား စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ခရိုင်ပြည်သူ့ဆေးရုံတွင် ထားရှိရန် စီစဉ်ဆောင်ရွက်

သာယာဝတီ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တွေ့ရှိရသည့် ကိုဗစ်ရောဂါပိုး တွေ့ရှိသည့်လူနာ (၂၃)ဦးအား ယနေ့နံနက်(၇)နာရီက စိုက်ပျိုးရေးသိပ္ပံသင်တန်းကျောင်းတွင် အမျိုးသား(၁၆)ဦးနှင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံတွင် အမျိုးသမီး(၇)ဦးထားနိုင်ရန်အတွက် ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုးတွေ့လူနာများအား ပို့ဆောင်ရာတွင် မြို့နယ်ကျန်းမာရေး အထောက်အကူပြု ကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ အတတ်နိုင်ဆုံး Safe ဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)