ဇီးကုန်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများအား ဗဟုသုတနှင့် အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း အမက(ဂုံးလမ်း)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့်ဝန်ထမ်းများသည် အခြေခံပညာမူလတန်းကျောင်း အမက(ဂုံးလမ်း)ကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသား၊ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ အာဇာနည်နေ့ အကြောင်းများကို အသိပညာပေးပြောကြား၍ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က ပုံပြင်ပြောပြခြင်းနှင့် စာအုပ်စာစောင်များဖတ်ပြခြင်းများ၊ ဉာဏ်စမ်းပဟေဠိ ဆော့ကစားခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကိုစာအုပ်များဖတ်ရှုလေ့လာစေခဲ့ပါသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများသည် ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရအသိပညာပေးနံရံကပ်စာစောင်တို့အား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)