မိုဝိုင်းလွတ် ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ မိုပိုင်းလွတ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာမှ နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဖြင့် စျေးကွက်ဝင် လက်ဖက် ပျိုးပင်များ ကော်ဖီပျိုးပင်များ၊ ပီလောပီနှံ ပျိုးပင်များနှင့် အခြားနှစ်ရှည်ပျိုးပင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က မိုဝိုင်းလွတ်မြို့ရုံး စိုက်ပျိုးရေးဦးစီးဌာန ပျိုးခြံဝင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များ ဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်အား စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးထက်အောင်ကျော်က ရှင်းလင်းပြောကြားရာ " မိုဝိုင်းလွတ်မြို့ သည် လက်ဖက်၊ ကော်ဖီသီးနှံနှင့် ကိုက်ညီသော ရေမြေသဘာဝရှိသဖြင့် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းများ ရှိသောကြောင့် စျေးကွက်ဝင် လက်ဖက်နှင့် ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးရန်အတွက်" ဖြန့်ဝေပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိုဝိုင်းလွတ်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးထက်အောင်ကျော်က လက်ဖက်နှင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သတိပြုရမည့် စိုက်ပျိုးရေး ဆိုင်ရာအချက်အလက်များ ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ပျိုးပင်များကိုသာ သုံးစွဲရန် မြေသြဇာ ထည့်သွင်းနည်း များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လက်ဖက်၊ ကော်ဖီပျိုးပင်၊ ပီလောပီပျိုးပင်နှင့် အခြားနှစ်ရှည်ပျိုးပင်များ စုစုပေါင်း ၂၅၀၀ ကျော်ကို စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ထောက်ပံ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)