မြို့သစ် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးလှစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း G–10 မှ မောင်အာကာဟိန်းက "လူ ငယ်နှင့်ကျန်းမာရေးအကြောင်း၊ G–10 မှမနှင်းစန္ဒာကျော်က "လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ G10 မှ မဇင်ဇင်နိုင်က "လူငယ်နှင့်ဝါသနာ၊G–10 မှ မောင်ထက်အောင်လင်းက "လူငယ်နှင့်ကြီးပွားရေး၊ G11မှမောင်မြတ်မိုးက" လူငယ်နှင့်ပညာရေး၊ G-11မှမနှင်း နုနွယ်က" လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုးစသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ ဆက်)