ညောင်တုန်း ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက သရက်တောတိုင်သစ်မှန်ကျောင်း၊ သာသနာ့ဝဎုနတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငှက်ပျောကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်တင့်နိုင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အမာရှိန်က စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မဲဇလီနယ်မြေစခန်းမှူး ရဲအုပ် ဖြိုးကျော်ဇေယျမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်း လျော့နည်းကျဆင်းရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအား ကစားသိပ္ပံကျောင်း တက်ရောက်မည့်သူများ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာများစသည့် အကြောင်းအရာများကို လည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် စာအုပ်စာစောင်နှင့်အားကစားပစ္စည်းများလှူဒါန်းခြင်း၊ အသိပညာပေးနယ်လှည့် နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားသရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)