ပြည်ကြီးမဏ္ဍိုင်မြို့ တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး ကျေးရွာများအထိ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၂

ကော့သောင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ် - ၁၉  ကာကွယ်ထိန်းချုပ်ရေးအဖွဲ့သည် ပြည်ကြီး မဏ္ဍိုင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကြိုတင် ကာကွယ်‌ရေးအတွက်  ကျေးရွာများသို့ ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေးလုပ်ငန်း များဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်   ပြည်ကြီးမဏ္ဍိုင်မြို့   စည်ပင်သာယာရေးအဖွဲ့  မြို့တာဝန်ခံ   ဦးမျိုးအောင်ဦးဆောင်သောအဖွဲ့သည်  ပြည်ကြီးမဏ္ဍိုင်မြို့နယ်အတွင်းရှိ  မနိုးရုံးကျေးရွာ၊  တောင်ငယ်ကျေးရွာ၊    နန်းတောင်ကျေးရွာများအထိ  ပြည်သူများအား  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊  ကိုးဗစ်-၁၉ အသိပညာပေးသီချင်းအကများဖြင့် နှိုးဆော်ခြင်း၊ Mask များ မျှ‌ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ  ကိုးဗစ် -၁၉   ရောဂါအသိပညာပေးလုပ်ငန်းတွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊   မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊   ကျန်းမာရေးဦးစီးဌာန၊   မီးသတ်တပ်ဖွဲ့၊   ပရဟိတ အဖွဲ့ဝင်များ၊   လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)