အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

မုံရွာ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်များ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် ဇူလိုင်လ ၁၀ ရက်နေ့ ၁၁ နာရီက လူငယ်စာပေဝါသနာရှင်များ စုပေါင်းပြီး နတ်သျှင်(ရွှေဂူ) ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်နွယ်နီမြင့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် လူငယ်စာပေဝါသနာရှင်များက လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်တွင်ပါရှိသော စာဖတ်ခြင်းအတတ်ပညာ၊ လူကြီးနှင့်လူငယ်၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်ရွှေရောင်အနာဂတ်ဆီသို့၊ လူငယ်နှင့်မျိုးဆက်အမွေ၊ လူငယ်နှင့်အပေါင်းအသင်း စသည့် ခေါင်းစဉ်ပါ အကြောင်းအရာအချက်အလက်များကို ဖတ်ကြားပြီး မိမိတို့၏ သဘောထားအမြင်များဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)