ချောင်းဦး အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု တတိယလူနာသည် မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင် ကြပ်မတ်ကုသပေးလျက်ရှိရာ ရောဂါ ပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် ယနေ့နံနက် (၁၀) နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ကျီကုန်းကျေးရွာတွင် နေထိုင်သည့်အသက်(၁၈)နှစ်အရွယ် တတိယမြောက် အတည်ပြုလူနာ အမျိုးသားသည် ချောင်းဦးမြို့နယ် ပထမဆုံးအ တည်ပြုလူနာနှင် ့အတူရန်ကုန်မြို့မြောက် ဥက္ကလာပမြို့နယ်မှ အတူနေထိုင်ပြန်လာသူ ဖြစ်သည်။ စက်တင်ဘာ(၁၈)ရက်နေ့က ကျီကုန်းကျေးရွာသို့ ပြန်လည်ရောက်ရှိပြီး ကျီကုန်း ကျေးရွာ အထက(ခွဲ)ကျောင်းတွင် အသွားအလာကန့်သတ်နေထိုင်စေ၍ နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ် ယူစစ်ဆေးခဲ့ရာ ပထမဆုံး အတည်ပြုလူနာအဖြစ် အသက်(၂၇)နှစ်အရွယ် အမျိုးသားတွင် တွေ့ရှိခဲ့သည်။ ဒုတိယအကြိမ်စစ်ဆေးခဲ့ရာမှ တတိယမြောက် ပိုးတွေ့လူနာအဖြစ် တွေ့ရှိခဲ့ပြီး ချောင်းဦးမြို့နယ ်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ကာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် အတည်ပြုလူနာ (၃) ဦး တွေ့ရှိခဲ့ပြီး ပထမလူနာနှင့် ဒုတိယလူနာဆေးရုံမှ ကျန်းမာရေးကောင်းမွန်စွာ ဆင်းခွင့်ရခဲ့ကြောင်း အခုနောက်ဆုံးလူနာအဖြစ် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်၍ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ မရှိတော့ကြောင်း၊ ဆေးရုံမှ ဆင်းခွင့်ပြုသူများအား မိမိနေအိမ်တွင် (၇) ရက်အ သွားအလာကန့်သတ်နေထိုင်ရန် ညွှန်ကြားထားကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထွန်းဦးကပြောကြားခဲ့သည်။
လူနာဆေးရုံမှ ဆင်းချိန်တွင် ချောင်းဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ရပ်မိရပ်ဖများ လာရောက် အားပေးစကားပြောကြားခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)