ညောင်လေးပင်မြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် ကုန်ပစ္စည်းများ သတ်မှတ်ထားသောစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ညောင်လေးပင် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက မြို့မစျေးကြီးအတွင်း၊ အပြင်၌ ဆန်၊ ဆီ၊ ဆားနှင့် ကုန်ပစ္စည်းများအား သတ်မှတ်ထားသော စျေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် FDA ခွင့်ပြုချက်မရရှိထားသော ကုန်ပစ္စည်းများအား ရောင်းချနေခြင်း၊ စျေးကွက်အတွင်းရောင်းချခွင့်မရှိသော ပစ္စည်းများအားရောင်းချနေခြင်းနှင့် သတ်မှတ်ထားသောစျေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိမရှိတို့အား လိုက်လံစစ်ဆေးခဲ့ပြီး အဆိုပါအချက်များအား ကျူးလွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

အဆိုပါက ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးကြီးကြပ်ရေးကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)