တောင်တွင်းကြီးမြို့နယ် အမှတ်(၁၀၉) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင်  အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တောင်တွင်းကြီး   ဇူလိုင် ၁၁

ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ လယ်ပြင်သာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ချစ်ကိုက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေအေးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အစားအသောက်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ်နှင့်အားကစားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်ကို (ဗိဿနိုး)