ပေါင်းတည်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန့်နေ့ နေ့လယ် ၂ နာရီက ရွှေတည်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က အာဇာနည်နေ့အကြောင်းဟောပြောပြီး စာဖတ်စွမ်းရည်မြင့်မားရေးအတွက် အားလပ်ချိန်များတွင် ဗဟုသုတရစေသော စာပေများ ဖတ်ရှုကြရန် ပြောကြားသည်။ ယင်းနောက် အသိပညာပေး စာအုပ်စာစောင်များဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု နံရံကပ်စာစောင်ကို ခင်းကျင်းပြသပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်လုပ်ငန်းဆောင်ရွက်မှုတွင် မြို့နယ်ဦးစီးမှူးက မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦးအား အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက နယ်လှည့်စာကြည့်တိုက်စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)