သဲကုန်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများ သိရှိစေရန်၊ စာပေဖတ်ရှု လေ့လာပြီး အသိပညာများ တိုးပွားလာစေရန်၊ အာဇာနည်နေ့ အကြောင်းအရာများ သိရှိစေရန် ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူ (၁၁)ဦးတို့က မိမိတို့လေ့လာမှတ်သားထားသည် ပုံပြင်များကို ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရှိသူများအား မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ကျောင်းသား/ကျောင်းသူများအား အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်