ပေါင်းတည်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရုံးဌာနများတွင် အဘိတ်( abata) ဆေးခပ်ခြင်းဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာနဆိုင်ရာများသို့ ဖြန့်ဝေထားသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆေးမှုန့်များဖြင့် ယနေ့နံနက်ပိုင်းက ရုံးဌာနအသီးသီးရှိဝန်ထမ်းများက ရုံးဌာနရှိရေစည်၊ အုတ်ရေကန်များ တွင်  အဘိတ် (abata)ဆေးခပ်ကြကြောင်း သိရသည်။

မိုးဥတု၌ ခြင်နှင့်ပိုးလောက်လန်းများကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်လေ့ရှိရာ လူနေဝန်းကျင်များ၌ ခြင်များပေါက်ပွားရှင်သန်မှု မရှိစေရေးအတွက်​ ရေစည်၊ရေအိုး၊ပန်းအိုး၊ရေခွက်နှင့်ဗူးခွံ၊ဗူးခွက်များအား ဖုံး၊သွန်၊လဲ၊စစ် စနစ်ကို ကျင့်သုံး လျက်ရှိကြောင်းနှင့်အပတ်စဉ် သောကြာနေ့တိုင်း ရုံးတွင်းရုံးပြင် သန့်ရှင်းရေးကိုလည်း ဝန်ထမ်းများစုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)