ရွှေတောင် မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧက (၅၈၁၆၃) ဧကအနက် (၂၅၅၃၈) ဧက စိုက်ပျိုးပြီးစီး

ရွှေတောင် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧက(၅၈၁၆၃) ဧကအနက် (၂၅၅၃၈) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ရွှေတောင် မြို့တွင် ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးသောစပါးမျိုးများမှာ ရက် ၉၀ စပါး၊ ရတနာတိုး၊ အင်းမရဲဘော်စပါး ၊ နယူးဧရာစပါး၊မှော်ဘီစပါး (၂) နှင့် ကရင်မစပါးများစိုက်ပျိုးရာစုစုပေါင်း ၂၅၅၃၈ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများဖြန့်ဖြူးပေးခြင်း မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား ကွင်းထဲအရောက်အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)