ကန့်ဘလူမြို့နယ် အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ရာထူးအတွက် လျှောက်ထားနိုင်

ကန့်ဘလူ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်း/ရုံး များအတွက် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးများအတွက် လျှောက်ထားနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ လျှောက်ထားနိုင်သော အမှုထမ်းရာထူများမှာ ငွေကိုင်(၄)၊ အငယ်တန်းစာရေး၊ ရုံးအကူ၊ သန့်ရှင်းရေးအကူ၊ အစောင့်(ကျား)နှင့် လုပ်သား(ရေ/မီး) ရာထူး များဖြစ်ပြီး လျှောက်လွှာများ ဇူလိုင် ၂၄ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများသည် သတ်မှတ် လျှောက်ပုံစံများကို မြို့နယ်ပညာရေးမှူးရုံး၌ ရုံးချိန်အတွင်းအခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

လျှောက်ထားသောရာထူးများအတွက် ရေးဖြေစာမေးပွဲကို ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ အင်္ဂလိပ်စာ၊ မြန်မာစာ၊ အထွေထွေဗဟုသုတတို့ဖြစ်ပြီး လူတွေ့နုတ်ဖြေစာမေးပွဲကို ဇူလိုင် ၃၀ ရက်မှ ၃၁ ရက်ထိ နံနက် ၉ နာရီမှ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များ သိရှိလို ပါက မြို့နယ်ပညာရေးမှူးရုံးသို့  ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)