ကျွန်းလှ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေး လျက်ရှိရာ ယနေ့ နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးပါ စားသောက်ကုန် ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀ ဖြင့် အိမ်ထောင်စု ၂၀၀ အား လက်ဝယ်အရောက် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင့်ထူး ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက အပတ်စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ