ကြံခင်းမြို့နယ် ပြည်လုံးချမ်းသာလေးထပ်ကြီးဘုရားတန်ဆောင်းတွင် မြို့နယ်တိုင်းရင်းဆေးမှကွင်းဆင်းဆေးကုသပေး

ကြံခင်း   ဇူလိုင်  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှပထမဝါဆို လပြည့်ကျော်(၈)ရက်နေ့   ဇီဝိတဒါနကုသိုလ်အလှုအဖြစ်  ပြည်လုံးချမ်းသာလေးထပ်ကြီး ဘုရားတန်ဆောင်းတွင် ဆရာလေးများနှင့် ဥပုလ်သီလဆောက်တည်ကြသောပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းက  အဆိုပါ တန်ဆောင်းအတွင်း ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။

အဆိုပါဆေးကုသပေးခြင်းကို မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်နှင့်ဝန်ထမ်းများက ဒူးနာ၊ ဖျားနာ၊  ဆီးချို၊ သွေးချို၊ သွေးတိုး စတဲ့ရောဂါများကို ကုသပေးခဲ့ပြီး လေးထပ်ကြီးဘုရားဓမ္မာရိပ်သာရှိ တရားထိုင် ဆရာလေးနှင့် သီလဆောက် တည်သူပြည်သူ( ၅၂)ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)