ဗန်းမောက် ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမဒေါက်တာမတင်ဝင်း၏ အားပါတဲ့စေတနာစကားများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီ အချိန်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန် ၊ စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးပြောဆို တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ရုံးတွင်းဝန်ထမ်းများ စာဖတ်ဝိုင်းများကိုကျင်းပဆောင်ရွက်ပေးနေတာဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မေသူဟန်ကပြောကြားပြီး စာရေးဆရာမမတင်ဝင်း ရေးသားထားသည့် အားပါသည့်စေတနာ စကားများစာအုပ်ပါ အကြောင်းအရာများဖြစ်သည့် တော်ချင်ရင်မပျင်းဖို့၊ အလုပ်လုပ်ဖို့လိုကြောင်း၊ မိမိကိုယ်မိမိ ခိုင်းတတ်ဖို့လိုအပ်သလို သူများကတာဝန်ပေးခဲ့လျှင်လည်း မပျင်းမရိ အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်တတ်ဖို့လိုကြောင်း၊ စိတ်လေလွင့်မနေဘဲ ကောင်းသည့်အတွေးများ တွေးခေါ်ပြီး လုပ်ဆောင်နေသင့်ကြောင်း၊ အထက်သို့တက်လှမ်းချင်လျှင် မကောင်းတဲ့အတွေး၊ မကောင်းသည့် အလုပ်များကို စွန့်ပစ်ရမှာဖြစ်ကြောင်း၊ ဘာဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်လုပ်ပါ ခေါင်းစဉ်အား လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃၊ ဦးရဲအောင်က စာအုပ်ထဲက အကြောင်းအရာများကို ရင်အုပ်ထဲရောက်အောင်ကြိုးစားပါ ခေါင်းစဉ်အားလည်းကောင်း၊ ရုံးအကူဒေါ်ချစ်စုငယ်က အသုံးမကျတဲ့လူ တစ်ယောက်အတွက်များ ကိုယ်တက်မည့်လမ်းကနေမသွေဖယ်စေနဲ့ ခေါင်းစဉ်အားလည်းကောင်း အသီးသီးဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ (ဗန်းမောက်)