ရေဦး ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင် ၁၀ ရက်နံနက် ၁၁ နာရီက ၀န်ထမ်းစွမ်းရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက၀င်စာများကို အရေးယူဆောင်ရွက်ခြင်း ရည်ရွယ်ချက်ကိုဖတ်ကြားခဲ့ပြီး ၀န်ထမ်းငယ်များက ရုံးတံဆိပ်ရိုက်နှိပ်ခြင်း၊ စာဖွင့်ဖောက်ခြင်း၊ ဗဟိုမှတ်ပုံတင်ဌာန၊ ဌာနစိတ်၊ လုံခြုံမှုအတင့်အတန်းတွင် ၀င်စာများမှတ်ပုံတင်ခြင်း၊ သာမန်၀င်စာနှင့် ၀င်စာများကိုစိစစ်တင်ပြခြင်း၊ ဦးစားပေးဆောင်ရွက်ခြင်း၊ သာမန်၀င်စာများနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို တစ်ဦးချင်းဖတ်ကြားခဲ့ကြသည်။
ထို့နောက် အမှုကိစ္စဆောင်ရွက်ရန် ၀င်စာများကိုစနစ်တကျ ခွဲဝေခြင်း၊ စာတွဲခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သန်းသန်း (ရေဦး)