မင်းလှမြို့၌ ချည်မျှင်ရှည်ဝါစိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ မျိုးစေ့ထုတ်စံပြကွက် စမ်းသပ် ကွက်များ ဧရိယာအတွက်မျိုး စေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

အထက်မင်းလှ  ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ မျိုးစေ့ထုတ်စံပြကွက် စမ်းသပ်ကွက်များဧရိယာအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီနိုင်က ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်း မျိုးစေ့ထုတ်စံပြကွက်စမ်းသပ်ကွက်များ ဧရိယာအတွက် မျိုးစေ့ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်း မျိုးစေ့ထုတ်စံပြကွက်စမ်းသပ်ကွက်များအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆၀)အုပ်စုမှ တောင်သူ (၄၆၈)ဦးအား စိုက်ပျိုးဧက (၃၇၅၀)ဧကအတွက် ချည်မျှင်ရှည်ဝါမျိုးစေ့ (၇၅၀၀) ပိဿာကို မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က တောင်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(ပြန်/ဆက်)