မင်းလှမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ပြုလုပ်

အထက်မင်းလှ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ဇူလိုင်လ(၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦး၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ်မမေ့အပ်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မင်းလှအခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊‌ ဆရာမများက ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(ပြန်/ဆက်)