သရက် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း E-ID စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ အမှတ်(၂) အကြီးစားစက်မှုလက်မှုလုပ်ငန်း အမှတ်(၃၁) အကြီးစားစက်ရုံ (သရက်)တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဌာနဆိုင်ရာများကို ကောက်ယူပေးလျက်ရှိသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးတည်အုပ်စုအလိုက် အမည်စာရင်း ရယူထားသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား Biographic Data နှင့် Biographic Data များကို ကောက်ယူခြင်း၊ Database တွင် သိမ်းဆည်းခြင်းများဆောင်ရွက်ပြီး ဂဏန်း(၁၀)လုံးပါ Unique ID ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)