ဇီးကုန်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၄)ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာများခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်(၆၇၀)ဦးအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စက်ရုံ၊ အလုပ်ရုံများသို့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster Does)ထိုးနှံခြင်းကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)