ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ဓနုဖြူ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းနိုင်ရေး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-ဟင်္သာတကားလမ်းမ၊မြို့အဝင်တွင်ဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးလျှင် ကောင်းမွန်ခိုင်ခန့်သော ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးခိုင်မြဲစွာတပ်ဆင်ရန်၊ နှစ်ဦးထက်ပိုမစီးရန်၊ ယာဉ်မောင်းနှင်နေစဉ် ဖုန်းအသုံးမပြုရန်၊အရက်သေစာ၊ မူးယစ်ဆေးဝါးသောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ယာဉ် မောင်းနှင်စီးနင်းကြသူတိုင်း ထိုင်ခုံခါးပါတ်ခိုင်မြဲစွာပါတ်ထားရန်၊ ယာဉ်မောင်းစဉ်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များအား ယာဉ်နှင့်အတူ တစ်ပါတည်းယူဆောင်လာကြရန် အသိပညာပေးပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)