သာပေါင်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်၍ အသက် ၅ နှစ်ပြည့်ပြီး KG ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား First dose, Second Booster ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံနိုင်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက် နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ကြည့်ရှုအားပေး ကူညီဖေးမ စောင့်ရှောက်ကြ၍ ကျန်းမာရေး ဌာနမှ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူ(၂၃၆)ဦး First dose (Sinopharm) ကာကွယ်ဆေးထိုးနှံ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၄၃၃)ဦးတို့ကို Second Booster ပေါင်း(၆၆၉)ဦးတို့ကို ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်