ကျွန်းလှ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ၃၅၀၀ ဧကကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မိုးမြေပဲ ၇၂၁၀ ဧကနှင့် နေကြာ ၆၀ ဧက စုးစုပေါင်း ၇၂၇၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးမြေပဲစိုကိပျိုးရန် ၇၂၁၀ ဧကလျားထားပါတယ်။ လက်ရှိအချိန်အထိ ၃၅၀၁ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ မိုးမြေပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ပြန်/ ဆက်)