မုံရွာ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စက်မှု၊ လက်မှု လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများအပေါ် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်မြင့်မားလာပြီး စားရေရိက္ခာဖူလုံကြွယ်ဝ၍ ကုန်သွယ်မှုကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ကာ တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်းဆောင်ရွက်နိုင်သည့် သဘာဝမြေသြဇာထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်မြင့်မားလာစေရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးထုတ်ကုန် တိုးတက်လာစေခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်ကာ ဒေသတွင်း စားသုံးမှုဖူလုံစေပြီး ပိုလျှံမှုများအား အခြား ဒေသများသို့ တင်ပို့ရောင်းချပြီး ဒေသ၏ အသား၊ ငါး၊ ဥ ထုတ်လုပ်မှုကဏ္ဍ မြင့်မားလာစေရန်လည်း လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူသူများအား စီးပွားဖြစ်မွေးမြူလာစေရန် စည်းရုံးဆောင်ရွက်ပြီး ဒေသနှင့်ကိုက်ညီသည့် တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်များ ရရှိစေနိုင်ရန်နှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူရေးခြံများအား စနစ်တကျစီမံဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများအပေါ် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီး ဌာန၊ အသေးစားစက်မှု လက်မှုဦးစီးဌာန၊ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်(၇) စက်မှုသင်တန်းကျောင်းတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး စက်မှု၊လက်မှုလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းရှင်များ၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များမှ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအပေါ် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးအတွက် လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးမှ တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ တွင် ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူခြင်း လုပ်ငန်းများနှင့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဇီဝ ဆိုင်ရာအချက်အလက် Biometric စနစ် အချက်အလက်များ ဖြည့်သွင်းမှုခံယူခဲ့ကြပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ ဇီဝဆိုင်ရာအချက်အလက် Biometric စနစ် ဖြည့်သွင်းနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)