အုတ်တွင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ညောင်ခြေထောက် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ စိုက်ပျိုးရေး ကျောင်းသား ကျောင်းသူများအား ကောက်စိုက်စက်ဖြင့်မောင်းနှင် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသင်ကြားပေးမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကောက်စိုက်စက်ဖြင့်မောင်းနှင်စိုက်ပျိုးခြင်းနှင့်ပျိုးပေါင်ဖော်၍သီးနှံ ပင်များစိုက်ပျိုးခြင်းတို့ကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဟိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆန်းဦးနှင့်ဝန်ထမ်းများက စိုက်ပျိုးရေးအထက်တန်း ကျောင်းသားကျောင်းသူ (၂၆)ဦးအား လက်တွေ့သရုပ်ပြသင်ကြားပေးသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် မောင်းနှင်စိုက်ပျိုးခြင်းလက်တွေ့သရုပ်ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊မြို့နယ်စက်မှု လယ်ယာဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများကသွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)