မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများထံသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

မကွေး ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှု ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ နေ့စဉ်လူမှုစီးပွားဘဝအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအတွက် အခြေခံ စာသောက်ကုန်ပစ္စည်းများအား ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်တော်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခြေခံစာသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ၃၂၀ဝိ/- ကျပ်၊ ဆီ ၅၀ ကျပ်သား ၂၂၀ဝိ/-ကျပ် ၊ ကြက်ဥတစ်လုံလျှင် ၂၀၀ ကျပ်၊ ကြက်သွန်နီ ၅၀ကျပ်သားလျှင် ၁၂၅ဝိ/- ကျပ်၊ ကုလားပဲ တစ်ဘူးလျှင် ၈၀ဝိ/-ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် ၁၅ဝိ/-ကျပ် နှုန်းတို့ဖြင့် အိမ်ထောင်စု ၅၂၀ အား တိုက်ရိုက်ရောင်းချပေးခဲ့ရာ ဆန် ၆ အိတ် တန်ဖိုးငွေကျပ် ၄၆၀၈၀ဝိ/-ကျပ်၊ ဆီ ၅၅၀ ပိဿ တန်ဖိုးငွေကျပ် ၂၄၂၀၀၀ဝိ/- ၊ ကြက်ဥ ၅၀၀ လုံး တန်ဖိုးငွေကျပ် ၁၀၀၀၀၀ဝိ/-၊ ကြက်သွန်နီ ၅၀ ပိဿာ တန်ဖိုးငွေကျပ် ၁၂၅၀၀ဝိ/-၊ ကုလားပဲ ၃၀ ပြည်  တန်ဖိုး ငွေကျပ် ၁၉၂၀၀ဝိ/-၊ ဆား ၃၀၀ ထုပ် တန်ဖိုးငွေကျပ် ၄၅၀၀၀ဝိ/-  စုစုပေါင် တန်ဖိုးငွေကျပ် ၃၃၄၂၈၀ဝိ/- ရောင်းချပေးခဲ့ပြီး ၆-၇-၂၀၂၃ ရက်နေ့မှ ၉-၇-၂၀၂၃ ရက်နေ့အထိ မြို့ပေါ်ရှိ အခြေားရပ်ကွက်များသို့လည်း လိုက်လံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)