မင်းကင်း ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို ဇူလိုင် ၅ ရက်နေ့နံနက် ၆ နာရီခွဲက အမှတ်(၁)ရပ်ကွက်ပြည်သူ့ဆေးရုံအနီး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်အဖြစ်ဆန်(၁)ပြည် ဆီ(၁၀)ကျပ်သား ကြက်သွန်နီ(၂၅)ကျပ်သား (အရင်းစျေး၄၀၀၀ကျပ်)ပါ အထုပ်တစ်ထုပ်လျှင် ငွေကျပ်(၃၀၀၀) နှုန်းဖြင့် အထုပ် ၃၀၀ ကို ယနေ့နံနက်ပိုင်းမှ စတင်ရောင်းချပေးရာ စျေးနှုန်းချိုသာသဖြင့် ဝယ်ယူသူများပြားလျက်ရှိပြီး တန်ဖိုးသင့်စားသောက်ကုန်များကို မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်သည့်အတွက် အထူးဝမ်းမြောက်ကြကြောင်း သိရသည်။
ထိုသို့ မင်းကင်းမြို့ရှိ ပြည်သူများ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၏ ကြီးကြပ်မှုဖြင့် အပတ်စဥ်တနင်္လာနေ့နှင့် ကြာသပတေးနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)