ရွှေတောင် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ-ထ-က (ရွှေတောင်) ရတနာခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင် နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် လူရည်ချွန် ( ၂) ထပ်ကွမ်းအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။
အခမ်းအနားတွင် အ-ထ-က(ရွှေတောင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း အသစ် ရွေးကောက်တင်မြှောက် အတည်ပြုခြင်းအစီအစဥ်ကိုကျင်းပပြုလုပ်ခဲ့ပြီး လူရည်ချွန်( ၂) ထပ်ကွမ်း ရရှိခဲ့သော Grade-12 ကျောင်းသား မောင်ရဲရင့်ဟိန်းအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)