ကေ့ာကရိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်း စတင်ဆောင်ရွက်

ကေ့ာကရိတ် ဇူလိုင် ၈

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုဝင်များအား Biometric  Data ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းလုပ်ငန်း စတင် ဆောင်ရွက်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကေ့ာကရိတ်မြို့ ဒေါနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက မြို့နယ်အတွင်း နေထိုင်သည့် အသက် (၁ဝ)နှစ်အထက် လူဦးရေစာရင်းကောက်ယူ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးထင်မောင်ဦးက (Biometic Data) ကောက်ယူနေမှုအခြေအနေတို့အား ရှင်းလင်းပြောကြားကြသည်။

ထိုနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ပေးရာ  နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို Enrollment Application Form (ပုံစံ-၁)ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်​ဗွေတို့ကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့် server ထဲထည့်၍  အချက်အလက် များကို QR ကုတ်ပါသည့် ဂဏန်း(၁၀)လုံးပါသော UID နံပါတ် ပြန်လည်ထုတ်ပေးခဲ့သည်။

အဆိုပါ (BiometicData) ကောက်ယူခြင်းကို ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ကနဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်  မှီခိုသူမိသားစုဝင်များကို ဆောင်ရွက်ပေး လျက်ရှိပြီး  အချက်အလက်များ ကောက်ယူကျန်ရှိနေသည့်  အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ဆက်လက် ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

KMW(ခရိုင်ပြန်/ဆက်)