ယင်းမာပင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ယင်းမာပင် ဇူလိုင် ၇

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယင်းမာပင်မြို့ရှိ (ခ)ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာများနှင့် အမှတ်(၂) အခြေခံပညာ အလယ်တန်း ကျောင်းခွဲတို့တွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးရာသီတွင်ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ခြင်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားနိုင်စေရေးအတွက် လည်းကောင်း၊ ခြင်မှ ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ရာသီအလိုက်ဖြစ်ပေါ်တတ်သော ရောဂါများ မဖြစ် ပေါ်စေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မိဘပြည်သူများကလည်း ရေစည်၊ ရေအိုးများကို လုံခြုံစွာ ဖုံးအုပ်ထားရန်၊ ပန်းအိုးများကို အပတ်စဉ် လဲလှယ်ပေးကြရန်၊ ရေတင်နိုင်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန်၊ အိမ်အနီးပတ်ဝန်းကျင်တွင် ရေမဝပ်စေရေး ရေစီးရေလာကောင်း အောင် ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က မိဘပြည်သူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။  

ခရိုင်ပြန်/ဆက်