လပွတ္တာမြို့နယ် အိမ်တွင်းမှုသင်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

လပွတ္တာ ဇူလိုင် ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း လပွတ္တာမြို့တွင် ယနေ့နံနက်ပိုင်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၈၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဆန်းက စက်မှုလက်မှုသင်တန်း ကျောင်းသားများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းမှ သင်တန်းသူများအား စိတ်ချရအောင်လမ်းကို ဘယ်လိုကူးမလဲ၊ ယာဉ်ထိန်းအချက်ပြ မီးရောင်များ၏ သတ်မှတ်ချက်၊ လမ်းပေါ်မှာဘယ်ယာဉ်တွေကို ဦးစားပေးရမလဲ၊ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေဖို့၊ လမ်းညွှန်အမှတ်အသားများ၊ လမ်းကို ဘယ်လိုလျှောက်မလဲ စသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားသို့ စက်မှုလက်မူသင်တန်းကျောင်းမှ ကျောင်းသားများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းသူများ၊ ​ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်