မင်းလှမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများအတွက်    စားသောက် ကုန်များ လှူဒါန်း

မင်းလှ(အောက်) အောက်တိုဘာ ၁၂


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများအတွက်လှူဒါန်းသည့်  စားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆန်(၂၄ ပြည်ဝင်) ၃၀အိတ်၊ ဆီ - ၁၅ ပိဿာ ၊ ကြက်သွန်နီ - ၁၅ ပိဿာ ၊ ကြက်ဥ - ၂၀၀၀ လုံး စုစုပေါင်း(၁၆၆၇၀၀၀)တန်ဖိုးကျပ်ရှိသော စားသောက်ကုန်တို့ကို  မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၂၉) ခုရှိ ကန့်သတ်စောင့်ကြည့်သူများအတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရသည်။
ပေါက်စ မင်းလှ