စုကလိမြို့ ဆုံဆည်းမြိုင်ကျေးရွာ (အထူးဒေသ) တွင် ကျေးရွာပတ်လမ်း စတင်ဖောက်လုပ်

စုကလိ ဇူလိုင်  

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ဆုံဆည်းမြိုင်ကျေးရွာ (အထူးဒေသ) တွင် ကျေးရွာ ပတ်လမ်းအား ယမန်နေ့နံနက် ပိုင်းအချိန်မှ စတင်၍ ဖောက်လုပ်နေပြီးဖြစ်သည်။

ဆုံဆည်းမြိုင်(အထူးဒေသ)တွင် ကျေးရွာပတ်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထအစီအစဉ် ဖြင့် ဖောက်လုပ်သွားမည်ဖြစ်ပြီးသည်။ ကျေးရွာပတ်လမ်းအဖြစ် စောဘဦးကြီးကျောက်တိုင်မှစ၍ ကမ်းနာလမ်းတစ်လျောက်နှင့် အမှတ် ( ၁) ရပ်ကွက် ဘုန်းကြီးကျောင်းလမ်းအပါအဝင် အမှတ် (၃) ရပ်ကွက် သုသာန်အဝင်လမ်းပိုင်းများ ပါဝင်မည်ဖြစ်သည်။

အဆိုပါ လမ်းပိုင်း အဆင့်မြှင့်တင်တည်ဆောက်ရေးအား အလှူရှင်များမှစုပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်သွားမည်ပြီး ရွှေလရောင်လင်းလင်း ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး လမ်းပိုင်းပြီဆုံးပါက ကျေးရွာ အတွက်သာမက ထိုင်းနိုင်ငံနှင့် ကုန်စည်စီးဆင်းမှု နေရာကောင်း တစ်ခုဖြစ်လာစေရေး ရည်ရွယ်ချက် များဖြင့် ဖောက်လုပ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားချက်အရ သိရသည်။

ပိုပိုအောင်