ပဲခူး အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၂ရက် နံနက် ၁၀နာရီက တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ တိုင်းဒေသကြီး အတွင်း COVID-19 ကာကွယ်ကုသရေးလုပ်ငန်းများအတွက် လိုအပ်သောမြို့နယ်များတွင် အသုံးပြုနိုင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ကိုဗစ်−၁၉ ကာကွယ်ကုသရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လိုအပ်သော မြို့နယ်များ၌ အသုံးပြုနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်ထံသို့ အလှူငွေကျပ် (၁၀) သိန်းအားပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်က လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)