ကော့သောင်းခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု အခြေခံသင်တန်းပြုလုပ်

ကော့သောင်း  ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ သိရှိနားလည်ထားရန်လိုအပ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအခြေခံသင်တန်းကို ယမန်နေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေ့ဦးစွာ အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အခြေခံသဘောတရားများကို သိနားလည်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် MIL၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံရှိMIL ဂေဟစနစ်အစိတ်အပိုင်း (၁၂)ချက်၊ ပြီးပြည့်စုံသောဂေဟစနစ် (၉) ချက်ပါအကြောင်းအရာ များအား ပြောကြားခဲ့သည်။ ယင်းနောက် ဦးစားပေးအစိတ်အပိုင်းများနှင့် MIL တတ်ကျွမ်းမှုများနှင့် စွမ်းဆောင်ရည်စံနှုန်းများဖြစ်ကြသည့် လူမှုမီဒီယာဆိုင်ရာသိနား လည်မှု၊ မီဒီယာဆိုင်ရာသိနားလည်မှု၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ သတင်းဆိုင်ရာ သိနားလည်မှု၊ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု၊ အင်တာနက်ဆိုင်ရာ သိနားလည်မှု၊ ကွန်ပျုတာဆိုင်ရာသိနားလည်မှု၊ စာကြည့်တိုက်ဆိုင်ရာသိနားလည်မှု၊ အွန်လိုင်းဂိမ်းဆိုင်ရာ သိနားလည်မှု စသည်များအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကော့သောင်းခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်၊ မြို့ရုံးများမှ ဓာတ်ပုံကျွမ်းကျင်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)