ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်

ကျောက်ကြီး ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာအုပ်/စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်း များက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်ပြီး ယခုလိုစာအုပ်/စာစောင် ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အလုပ်တာဝန်များဖြင့် မအားလပ်၍ မလာရောက် နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက်လည် Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေး လျှက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန် ပြောကြားချက်အရသိရသည်။

စာအုပ်စာစောင်ပြပွဲတွင် ကလေးစာပေများ၊ သုတ၊ ရသ စာအုပ်စောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသားလူငယ်များနှင့် လူငယ်လူရွယ်များက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်