မင်းလှမြို့၌ မိုးရာသီစုပေါင်းသစ် ပင်စိုက်ပျိုး

မင်းလှ ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ရွေးကုန်းအုပ်စု၊ဘန့်ဘွေးကုန်းကျေးရွာအနီး၊ စိန်ကန့်လန့် -မြို့ချောင်းလမ်းမိုင်တိုင်အမှတ် (၁၀/၁) အတွင်း၊ မုက္ခာကြိုးဝိုင်းအကွက်အမှတ် (၂၉) ၌ ဇူလိုင် ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးဦးမိုးဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်သစ်တောဦးစီးဌာ လက် ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းကောင်း၊မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦး‌ကျော်မျိုးမင်းနှင့် ဝန်ထမ်းများက ကျွန်း၊ပျဉ်းကတိုး၊ ယမနေ၊ မဟော်ဂနီ၊ ခရေ၊ ပိတောက် စုစုပေါင်း (၅၀၇) ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)