ရန်ကုန်တိုင်းဒေသကြီးမှ ပန်းတနော်မြို့နယ်သို့ နေရပ်ပြန်လာသူ ၂၀၀ ဦးခန့်အား သွားရောက် ခေါ်ဆောင်ပေး

ပန်းတနော် အောက်တိုဘာ ၁၂

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လုပ်ငန်းကိုင်ငန်းများ ရပ်ဆိုင်းထားရခြင်း၊ စက်ရုံအလုပ်ရုံများ ယာယီ ပိတ်ထားရသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ ပန်းတနော်မြို့နယ်သို့ နေရပ်ပြန်လာချင်သူ များအား ပန်းတနော်မြို့ အရေးပေါ် လူနာတင်ယာဉ် ကူညီမှုအသင်းမှ အခမဲ့သွားရောက် ခေါ်ဆောင်ပေး လျက်ရှိရာ အောက်တိုဘာ ၁၁ ရက်နေ့ အထိ လူဦးရေစုစုပေါင်း ၂၀၀ ဦးခန့်ရှိပြီ ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလမှာ စက်ရုံ၊ အလုပ်ရုံများ ရပ်နားထားရသည့်အတွက် နေရေးထိုင်ရေး အခက်အခဲနှင့် မိသားစု စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရပြီး နေရပ်သို့ ပြန်လာချင်သူများအနေဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ တိုင်းကျော်ထောက်ခံစာ၊ ရပ်ကွက်/ကျေးရွာအုပ်စုထောက်ခံစာ များ ရရှိပါက ပန်းတနော် တံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် ကာကွယ် တုံ့ပြန်ရေး ကော်မတီသို့ သွားရောက်စာရင်းပေးကြရန်နှင့် ပန်းတနော်မြို့ အရေးပေါ် လူနာတင်ယာဉ် ကူညီမှုအသင်းမှ မွန်းတည့် ၁၂ နာရီတစ်ကြိမ်၊ ညနေ နာရီတစ်ကြိမ် တစ်နေ့  ()ကြိမ် ပန်တိုင် စစ်ဆေးရေးဂိတ်သို့ နေ့စဉ်ကား()စီးဖြင့် သွားရောက် ခေါ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်လာကြသူများအား ပန်းတနော်မြို့အဝင်ဂိတ်တွင် ကိုယ်ရေး အချက်အလက်များအား သေချာစွာ စစ်ဆေးလက်ခံခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ အနံ့ရှုစစ်ဆေးခြင်း စသည့်တို့ကို ဆောင်ရွက်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများထံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အား အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်း၌ (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုထားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)