ဓနုဖြူ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲ သင်တန်းသားများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အထူးရဲသင်တန်းနေရာ အသီးသီးတွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူး ရဲတပ်ဖွဲ့ဝင် (၁၆၄)ဦးအား သင်တန်းပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အထူးရဲ သင်တန်း တက်ရောက်နေသော သင်တန်းသား များအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိကို ကိုဗစ်-၁ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ရာ အထူးရဲတပ်သားများ အားလုံး ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)