ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆေး ဆောင်ရွက်

ဓနုဖြူ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့အဝင်ဂိတ်နှင့် မြို့နယ်အတွင်း နေ့ညမပျက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူ ပြုစေရန်အတွက် မြို့အတွင်းသို့ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များအား ခရီးသွားထောက်ခံစာ၊ ကျန်းမာရေး ထောက်က်ခံစာများ စစ်ဆေးခြင်း၊ လှည့်ကင်းများဖြင့် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်ကင်းရှင်းရေးတို့အတွက် ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အတွင်း လူသွားလူလာများသောနေရာများ၊ အထင်ကရနေရာများတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)